Friday, 12 August 2011
Wednesday, 10 August 2011
ဧရာဝတီအတွက်တုံ့ပြန်ချက် by Mg Tharmyar
ဧရာဝတီအတွက်တုံ့ပြန်ချက် by Mg Tharmyar
မြစ်ဆုံ၊မေခ၊မေလိခ၊မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍နိုင်ငံတကာနှင့်ပြည်သူလူထု
အထင်မှားအမြင်မှားဖြစ်စေရန်အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများကမဟုတ်မမှန်လုပ်ကြံရေးသားလုပ်
ဆောင်လျှက်ရှိနေဟုအစိုးရပိုင်သတင်းစာပါဆောင်းပါးရှင်ဧ။်စွပ်စွဲချက်ကိုတုံ့ပြန်လိုက်ခြင်း။
9-8-2011နေ့စွဲနိုင်ငံပိုင်သတင်းစာမြန်မာအလင်းတွင်ဖော်ပြခဲ့သောဆောင်းပါးရှင်လျှပ်စစ်
ဝန်ထမ်းတစ်ဦး၏မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သည့်ဆောင်းပါးကmediaတွေကဘဲ
မဟုတ်မမှန်သတင်းကိုလုပ်ကြံပြီးရေးသားပြီးပြည်သူကိုAlarmistလုပ်နေတဲ့သဘောပြောဆိုရေးသား
ထားတာဟာမီဒီယာလောကကိုစော်ကားလိုက်ခြင်းဖြစ်တယ်လိုမြင်မိပါတယ်။
အဲဒီဆောင်းပါးရှင်ရဲ့ဆောင်းပါးများကိုကောက်နုတ်ချက်ချကြည့်ရင်ကောင်း
ကျိုး( advantages)များသာထုံစံအတိုင်းသတင်းစာဆောင်းပါးပုံစံရေးသားထာတာတွေရပါတယ်
။မြစ်ဆုံရေကာတာ(Myintson Dam) ကြောင့်လတ်တလောပြည်သူတွေခံစားရမဲ့ဒုက္ခများနှင့်
့နောင်ခံစားရဦးမည့်ဆိုးကျိုးများ(Disadvantages)ကိုရေးသားဖေါ်ပြထားခြင်းမတွေ့ရပါဘူး။
(၁)Impact area မှာပြည်သူတွေဘယ်လောက်ထိခိုက်ဆုံးရှူံးပြီးလူတွေစိတ်ဒုက္ခရောက်ရတယ်ဆိုတဲ့
လူအခွင့်အရေးကိုဥပေက္ခာပြုထားခြင်း၊ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့်လူတွေဘယ်
လောက်ဒုက္ခရောက်ဦးမယ်ဆိုတာကိုလစ်လျှူရှုထားခြင်း
(၂)ရေကာတာစီမံကိန်းကိုတရုတ်CPIကော်ပိုရေးရှင်းက3.6ဘီလီယံရင်းနှီးမြှုပ်နှံတည်ဆောက်လုပ်ကိုင်
နေခြင်းဖြစ်တယ်လို့ပွင့်လင်းစွာရေးသားခြင်းမရှိပါ။
(၃) ရေကာတာမှထွက်ရှိမဲ့အကျိုးအမြတ်ဧ။်၇၀%ကိုတရုတ်ကရရှိမှာဖြစ်တယ်လို့ပြည်သူအများကိုချပြ
မထားခြင်း
(၄)ထွက်ရှိမဲ့ရေအားလျှပ်စစ်ဧ။်၉၉%ကိုတရုတ်ကယူမည်၊၁%သာပြည်တွင်းမှာသုံးစွဲသွားမည်ဆိုတာဖော်ပြ
ထားခြင်းမရှိပါ။
(၅)တရုတ်အစိုးရနဲ့မြန်မာအစိုးရနှစ်ဖက်စလုံးကရေကာတာကြီးကြောင့်ပတ်ဝန်ကျင်ထိခိုက်မှုမရှိစေရဟု
အာ မခံထားခြင်းမရှိ
(၆)ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာအစီရင်ခံစာတွင်၊ရေကာတာကြီးသည်စစ်ကိုင်းပြတ်ရွေ့ကြောလိုခေါ်တဲ့
ငလျှင်ကြောအနီးအနားမှာရှိတယ်ဆိုတာကိုဖော်ပြထားခြင်းမရှိ
(၇)ပညာရှင်များသည်2009ခုနှစ်ဇန်န၀ါရီလမှဇူလိုင်လအထိသာလေ့လာဆောင်ရွက်လို့သာဖော်ပြထားတာ
ကိုတွေ့ရပြီးပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာအစီရင်ခံစာရဲ့လိုက်နာရမည်အဓိကစည်းကမ်းချက်(၁၀)ချက်အနက်
(၁)ချက်သာလေ့လာရသေးတယ်ဆိုတာဖေါ်ပြထားခြင်းမရှိပါ။
(၈)ရေအားလျှပ်စစ်စီမံကိန်းကြောင့်ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိမှာဖြစ်တယ်လို့
ဖေါ်ပြထားတာကိုတွေ့ရပါတယ်။ဒေသခံပြည်သူတွေရဲ့ရသင့်ရထိုက်တဲ့လုပ်အားခနှင့်တရုတ်ပညာရှင်များနဲ့
အလုပ်သမားရရှိခံစားရမည့်အခွင်အရေးတူနိုင်သလားဆိုတာထည့်မတွက်ပြဘူး၊ဘာလိုဒီလိုပြောရသလဲဆို
ရင်ကျောက်ဖြူရေနက်ကွင်းစီမံကိန်းမှာသွားရောက်လက်တွေ့ကြည့်ကြပါ။နေရထိုင်ရတာ၊ခံစားခွင့်များကို
အလုပ်သမားခြင်းနိုင်းယှဉ်ကြည့်ပါ။
(၉)စီမံကိန်းဧရိယာနှင့်မလွတ်ကင်းသောရွာများကိုသက်ဆိုင်ရာစံပြကျေးရွာအသစ်များတည်ဆောက်၊အစားထိုးပေး
ထားတဲ့အတွက်ကြောင့်မှုလနေထိုင်ခဲပသောအဆင့်ထက်များစွာသာလွန်အောင်ဆောင်ရွက်ပေးထားကြောင်း
ဖေါ်ပြထားပါတယ်။ကျွန်တော်အနေနဲဆောင်းပါးရှင်ကိုမေးလိုက်ချင်ပါတယ်။မင်းတို့မိသားစုအားလုံးကိုလူသူမရှိ၊သူ
အနေနဲ့အလုပ်ကိုငသစ်ကိုလုပ်မစားတတ်တဲ့ကျွန်းပေါ်မှာသုံးထပ်တိုက်ဆောက်ပေးမယ်သွားနေမလားမေး
လိုက်ချင်တယ်။အဲဒီလူဟာလူသားချင်းစာနာနာထောက်ထားမှု၊လူတွေရဲ့နေရာအစွဲ၊ဒေသအစွဲ၊ကိုနားလည်းမှုမရှိသူ
ဟုယူဆရပါတယ်။ဒေသခံပြည်သူများအနေနှင့်မိမိကျင်လည်ကျက်စားတဲ့နေရာ၊မိမိလုပ်ကိုင်စားနေကြနေရာ၊
မိမိရဲ့ဇာတိချက်မြေ၊ယဉ်ကျေးမှုများကိုဘယ်လောက်တန်ဘိုးထားတဲ့ဆိုတာထည့်သွင်းမစဉ်းစားရင်တော့လူအခွင့်
ရေးချိုးဖောက်ရာရောက်တယ်ဆိုတာဆောင်းပါးရှင်နားမလည်းဘူးလားဆိုတာသိတာထင်ရှားပါတယ်။
(၁၀) တရုတ်နိုင်ငံမှာအာဏာရှင်တရုတ်အစိုးရကတရုတ်ပြည်သူတွေသန်းပေါင်းဘယ်လောက်စတေးခဲ့ပြီး
Three Gorges Dam ကြီးတည်ဆောက်ခဲ့သလဲ၊အခုအဲဒီ Three Gorges Dam ကြီးအကျိုးနဲ့အပြစ်
ကိုနိုင်းယှဉ်ကြည့်ပါ၊အဲဒီDamကြီးကြောင့်တရုတ်အစိုးရရဲ့စိုးရိမ်ရေမှတ်ဘယ်လောက်မြင့်တက်နေသလားဆိုတာကို
ဆောင်းပါးရှင်သေသေချာလေ့လာလိုက်ပါဦး။
ကျွန်တော်အထင်တော့သတင်းစာဆောင်းပါးရှင်သည်မြန်မာနိုင်ငံသားမဖြစ်နိုင်၊တရုတ်နဲ့ဆွေမျိုး
တနည်းနည်းနဲ့တော်စပ်မည်ထင်ပါသည်။တရုတ်အစိုးရဲ့ (Political Game)ဆိုတာထည်စဉ်းစားရင်
မတွေးဝံ့စရာပါ၊ဒါအပြင်တရုတ်အစိုးရရဲ့မဟာဗျူဟာ၊အဂ္ဂဗျူဟာကသူ့နိုင်ငံသည်ကမ္ဘာပေါ်မှာ
စစ်အင်အား(mega power)ဖြစ်ဖို့အတွက်ကျုပ်တို့မြန်မာနိုင်ငံသားတွေရဲ့အကျိုးစီးပွားကို
စတေးပေးရတော့မှာလား?၊မြန်မာလူမျိုးတွေရဲ့NationalIdentityဖြစ်တဲ့ကျုပ်တို့အားလုံးရဲ
့မိခင်ဧရာဝတီကိုအဆုံးရှုံးခံရတော့မှာလား?ဒါငါတို့ဘာဆိုင်လိုလဲလို့ထင်နေတဲ့
Who cares?သမားတွေလေးလေးနက်နက်စဉ်းစားကြပါ၊ခင်ဗျားတိုရဲ့အနာဂါတ်မျိုးဆက်တွေရဲ့
အရေးကိုထည့်သွင်းစဉ်းစားကြည့်ကြပါ။ဒီအရေးဟာဒီနိုင်ငံအတွင်းနေထိုင်မယ်လို့စိတ်ကူးရှိကြတဲ့
လူမျိုးတိုင်းနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်။ကျုပ်တို့အားလုံးဟာတိုင်းပြည်အာဏာလုနေတာမဟုတ်ဘူး၊
တိုင်းပြည်ကိုပျက်လိုပျက်စီးလုပ်နေတာမဟုတ်ဘူး၊မပျက်အောင်စီးအောင်ကာကွယ်ပေးနေတာ။
တိုင်းပြည်ဟာမီးခိုးမထွက်ဘဲနယ်ချဲ့ခံနေရတယ်ဆိုတာကိုသိနေလို့ခံစားနေရတာ
။နိုင်ငံရေးနဲ့လုံဝမသက်ဆိုင်ပါ။အမျိုးသားရေးဖြစ်နေလို့မီဒီယာတွေနဲ့အသိပညာရှင်တွေ
အားလုံးပါဝိုင်းဝန်းကန့်ကွက်နေခြင်းဖြစ်ပါကြောင်း။
သစ္စာတော်ခံloyalist ဆောင်းပါးရှင်အား သိစေအပ်ပါသည်။ (မောင်သာမြား)
နိုးထခြင်း
အိုမြန်မာပြည်ဖွား
တိုင်းရင်းသားတို့.....
အတူတကွ၊ ဘယ်သူပါမှ
အသာထား၍
အမြင်ချင်းတူ
အားချင်းပြုလော့
မြန်မာ့နှလုံး(အသက်တည်ရာ)
မြစ်ကြီးမဆုံးခင်
အားလုံးရုန်းထ
ကန့်ကွက်ကြတော့.....
(မောင်သာမြား)
မြစ်ကော
မြစ်မကောအောင်လို့
သစ်တောတို့စိမ်းရပေမည်
ရေဝေတောတွေစိမ်းစို့စို့
မှိုင်းညို့ညို့မှုန်ရီ၊
ချင်းတွင်းနဲ့ဧရာဝတီ
ရေပြင်ကြည်သမျှ၊ မြန်မာသွေးရှိ။
တတောလုံးပြောင်
တတောင်လုံးလင်း
မြစ်ကျဉ်းကာသောင်တွေပေါ်တော့
နောင်အရှည်မမျှော်မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကိုကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ် အပြစ်သဘောနဲ့
မြစ်ကောမယ့်နေ့။ မောင်စိန်ဝင်း (ပုတီးကုန်း)

'88 Generation Students' Leaders Welcome Suu Kyi, Aung Kyi Talks
Imprisoned dissidents who are leaders of the 88 Generation Students group reportedly welcomed the recent meeting between pro-democracy leader Aung San Suu Kyi and Aung Kyi, Burma's minister of labor as well as minister of social welfare, relief and resettlement, and urged more pro-active dialogue aimed at national reconciliation.
Min Ko Naing, Ko Ko Gyi and Htay Kywe, all of whom are serving 65-year priosn sentences, managed to get their comments to the public one week after the first meeting between Suu Kyi and a member of Burma's new government took office in late March.
Min Ko Naing, who is being held in Keng Tung Prison in eastern Shan State, said through an information channel that he thinks the meeting between Suu Kyi and Aung Kyi was “a good step.”
A message from Ko Ko Gyi, who is in Mong Set Prison in Shan State, said he supports the meeting and calls for more meaningful dialogue. Ko Ko Kyi, who is described by colleagues as a “strategist,” said that the pro-democracy leader should take a wider leading role in the development of democracy and peace in Burma.
Htay Kywe’s brother-in-law, Pyo Min Thein, who is also member of the 88 Generation Students group, told The Irrawaddy on Thursday that Htay Kywe said the meeting between Suu Kyi and Aung Kyi was a positive step. Htay Kywe is serving his sentence in Buthitaung Prison, Arakan State.
“Even though the 88 Generation Students leaders have sacrificed a lot for the country, they are always optimistic. Therefore our party take their concerns seriously,” said Win Htain, one of Suu Kyi’s close aides at the National League for Democracy(NLD), in response to the 88 Generation Students leaders’ messages.
The 88 Generation Students group was formed by former student leaders who led the mass uprising against dictator Ne Win’s Burmese Socialist Programme Party in the summer of 1988, during which at least 3,000 people were killed by government security forces.
Throughout 1988-1991, most of the student leaders were arrested and given long prison sentences. Min Ko Naing was arrested in 1989 and spent 15 years in prison. Ko Ko Gyi was arrested in 1991 and imprisoned and released in 2005.
After their release, the former student leaders formed the 88 Generation Students group, which became a prominent dissident movement while Suu Kyi was under house arrest. The group undertook various political activities until its leaders were once again arrested on August 21, 2007 for their involvement in a protest march against fuel price hikes and given matching 65-year sentences.
The former student leaders reportedly take the same position—that they will not make an appeal to get individual sympathy from the government.
http://www.irrawaddy.org/

Monday, 8 August 2011
ငြိမ်းချမ်းရေး ရှေးရှုဖို့ ရှစ်လေးလုံး အထိမ်းအမှတ်နေ့ ဒေါ်စုပြောကြား
ဒီနေ့ ရန်ကုန်မှာရှိတဲ့ ဒီမိုကရေစီ လိုလားသူတွေက စုပေါင်းကျင်းပတဲ့ ၀ါဆိုသင်္ကန်း ကပ်လှူပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားဟာ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့၊ အပြုသဘောဆောင်တဲ့ အခမ်းအနားမျိုး ဖြစ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ရှစ်လေးလုံး အထိမ်းအမှတ်နေ့ကို ကြည့်မြင်တိုင် နတ်စင်လမ်းမှာရှိတဲ့ သာဓု ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို ၁၉၈၈ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေထဲက အကျဉ်းကျခံမနေရဘဲ အပြင်မှာ ကျန်နေတဲ့ ကျောင်းသားတွေအပြင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ဦးစီးပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သလို ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ အခမ်းအနားဖြစ်အောင် ကြိုးစားပြီး ကျင်းပနိုင်ခဲ့တယ်လို့ အခမ်းအနား ဖြစ်မြောက်ရေး တာဝန်ခံတဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်းက ပြောပါတယ်။
“ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မှာကြားထားတာ ရှိတယ်၊ ဒီ ရှစ်လေးလုံး ၂၃ နှစ်မြောက် အောက်မေ့ဘွယ် နှစ်ပတ်လည် အခမ်းအနားကို ငြိမ်းချမ်းရေးကို ရှေးရှုတဲ့၊ အပြုသဘောဆောင်တဲ့ ပုံစံနဲ့ သွားပါဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ ပုံစံနဲ့ပဲ သွားခဲ့တယ်။ တကယ်တမ်းကျတော့ ၈ ရက် ၈ လ ၈၈ နေ့ ဆိုတာက တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ နေ့ပါ။ တနိုင်ငံလုံးကို သက်ရောက်မှုရှိတဲ့ နေ့ပါ။ အဲဒီနေ့ကို တည်ဆဲအစိုးရ အနေနဲ့လည်း အပြုသဘောဆောင်တဲ့ ပုံစံမျိုးနဲ့ စုပေါင်းပြီး လုပ်မယ်ဆိုရင်တော့ အားလုံးအတွက် ကောင်းမွန်သွားပါလိမ့်မယ်။ အဲဒီလိုမျိုး လုပ်လာလိမ့်မယ်လို့လည်း ကျနော်က မျှော်လင့်ပါတယ်။”
အခုလို ၂၃ ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပပေးဖို့ အကျဉ်းထောင်တွေထဲမှာ အခုထိ နေနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ကျောင်းသားခေါင်းဆောင်တွေက မှာကြားခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီအခမ်းအနားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာသလို ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီက ပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေ၊ မျိုးဆက်သစ် လူငယ်တွေ၊ အကျဉ်းသား မိသားစုဝင်တွေနဲ့ ၈၈ အရေးအခင်းကာလမှာ လှုပ်ရှားခဲ့သူ ထောင်နဲ့ချီပြီး တက်ရောက်လာတာ တွေ့ရတယ်လို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ခံ ဦးဝင်းထိန်က ပြောပါတယ်။
“ဒီမှာ ဒေါ်အောင်ဆန်းစုကြည် အခမ်းအနား လာတက်တယ်။ နောက် NLD က ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်တို့ အပြင်ကို တခြားပါတီက ပုဂ္ဂိုလ်တွေလည်း ပါတယ်။ အသက်အရွယ် မျိုးစုံက လူတွေက ဒီအခမ်းအနားကို တလေးတစားနဲ့ အထူးဂုဏ်ပြုပြီး တက်ရောက်ကြတယ်လို့ သဘောပေါက်ပါတယ်။ စည်းစည်းလုံးလုံးပဲ ပါတီက လူတွေရော၊ ပါတီမဟုတ်ဘဲနဲ့ လူတွေရော ဒီနေ့ အမှတ်တရ ပြောရမယ် ဆိုရင်တော့ ကြက်ပျံမကျ စည်ကားတယ်ပေါ့။ လူတွေ ထောင်နဲ့ချီပြီး တက်ရောက်ကြတယ်။”
အခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသား ကိုတိုးကျော်လှိုင်က ဒီမိုကရေစီ လူထုလှုပ်ရှားမှုမှာ အသက်ပေးသွားသူတွေကို ရည်စူးပြီး တမိနစ် ငြိမ်သက်ခြင်း အစီအစဉ်ကို ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။ သာဓု ပရိယတ္တိ စာသင်တိုက်ရဲ့ ဆရာတော် ဦးအဂ္ဂံသက အတွေးရဲကြဖို့၊ ခြောက်တိုင်းမကြောက် မြှောက်တိုင်း မမြောက်တဲ့ စိတ်ထားနဲ့ ငြိမ်းချမ်းရေး လုပ်နိုင်ကြောင်း တရားကို ဟောကြားခဲ့တယ်လို့ ပြောပါတယ်။
“ဆရာတော်ကြီးက အတွေးရဲဖို့ တွေးတတ်ရမယ်၊ တွေးတဲ့အခါမှာလည်း ပေါက်မြောက်အောင် တွေးရမယ်၊ ပေါက်မြောက်အောင် တွေးတဲ့အခါမှာ ပြောတာကိုယုံပြီး ခြောက်ရင်လည်း မကြောက်ဘူးပေါ့ဗျာ။ ကိုယ့်ကြောင့် ကိုယ့်လွတ်လပ်တဲ့ အမြင်မျိုး ရှိတယ်ဆိုတဲ့ ပုံစံမျိုး။ ဒါကိုလည်း ကျနော်တို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ခြိုက်ပါတယ် ဆိုတဲ့အကြောင်း ကျနော်တို့ကိုလည်းပဲ ပြောပြပါတယ်။ ဆရာတော်ကြီးကိုလည်း ပြောပြပါတယ်။
“တရားက ကောင်းပါတယ်တဲ့၊ တရားက ဟိုဘက်ရော ဒီဘက်ရော မျှပြီး ဟောပါတယ်။ ကျနော်တို့ လူငယ်တွေကိုလည်း အတွေးရဲဖို့ပေါ့။ အတွေးရဲတဲ့အခါမှာ ကြောက်လည်း မကြောက်ဘူးဆိုတဲ့ အကြောင်း တရားလေး ဟောသွားပါတယ်။ တရားလေးက အတော့်ကို ထိမိပါတယ်။”
၂၃ ကြိမ်မြောက် ၈၈ နှစ်ပတ်လည် အခမ်းအနား မှတ်တမ်းစာအုပ်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဘယ်သူမှ မေ့မသွားစေချင်ဘူးလို့ မှတ်တမ်း ရေးသားခဲ့ပါတယ်။ ဒီအခမ်းအနားကို ရန်ကုန်မှာရှိတဲ့ ဗြိတိန် အပါအ၀င် နိုင်ငံခြား သံရုံးက ပုဂ္ဂိုလ်တွေပါ တက်ရောက်ခဲ့ကြပါတယ်။
အခုလို ပရိသတ် အများအပြား တက်ရောက်ခဲ့တဲ့ ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တာဖြစ်ပြီး အာဏာပိုင်တွေဘက်က တားဆီး နှောင့်ယှက်မှုမျိုးတော့ မတွေ့ရဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။
“ကျနော်တို့ သတိထားမိတာကတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ဓာတ်ပုံရိုက်တာတို့၊ ကားနံပါတ် မှတ်တာတို့၊ မလှမ်းမကမ်းမှာ အဓိကရုဏ်း နှိမ်နင်းရေးကား တစီး နှစ်စီးလောက် ရောက်လာတယ်။ အဲဒါတွေတော့ သတိထားမိပါတယ်။ သို့သော်လည်း အခမ်းအနားလာတဲ့ ပုဂ္ဂိုလ်တွေက အေးအေးဆေးဆေးနဲ့ အခမ်းအနား တက်ရောက်ကြတဲ့ အနေအထားပါ။
“ဒီအခမ်းအနားနဲ့ ပတ်သက်လို့ အခမ်းအနား ကာလမှာလည်း လုံခြုံရေး ဘယ်လိုလုပ်မယ်၊ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရင် ထုံးစံအတိုင်း လူတွေက ၀ိုင်းအုံတဲ့ အတွက်ကြောင့်မို့ ဘယ်လိုလုပ်မယ် ဆိုတဲ့ဟာက မနေ့ကတည်းက ဆွေးနွေးပြီးသားပါ။ ဒီနေ့မနက်မှာလည်း ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ အပြင် ကျနော်တို့ NLD က လူငယ်တွေနဲ့ ပေါင်းပြီးတော့ လုံခြုံရေး လုပ်တဲ့အတွက်ကြောင့် အေးအေးဆေးဆေး၊ အနှောင့်အယှက် ကင်းကင်းနဲ့ ပြီးသွားတာပါ။”
ဦးဝင်းထိန် ပြောပြသွားတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/8888-anniversary-dassk-127226113.html

Monday, 1 August 2011
Famous Quotations
Not all of us can do great things. But we can do small things with great love. - Mother Teresa
Action expresses priorities. - Mohandas K. Gandhi
Do not wait for leaders; do it alone, person to person. - Mother Teresa
If no one answers your call, walk alone. - Rabindranath Tagore
Not everything that is faced can be changed, but nothing can be changed until it is faced. - James Baldwin
What happens in Egypt doesn't stay in Egypt. - Tom Friedman (columnist for The New York Times)
The power of the people is much stronger than the people in power. – Wael Ghonim, Egyptian activist/leader
The cost of liberty is less than the price of repression. - W. E. B. DuBois
You can never cross the ocean unless you have the courage to lose sight of the shore. - Christopher Columbus
A ship is safe in harbour, but that's not what ships are for. - William Shedd
The basis of our governments being the opinion of the people, the very first object should be to keep that right; and were it left to me to decide whether we should have a government without newspapers or newspapers without a government, I should not hesitate a moment to prefer the latter. But I should mean that every man should receive those papers and be capable of reading them.
– Thomas Jefferson (1743-1826), author of the Declaration of Independence and 3rd president of the United States
An invasion of armies can be resisted, but there is no resistance to an invasion of ideas. – Victor Hugo (Comment: Let truth be the invader … let facts be the bullets that slay every fallacy … because all that is false, and all that rests on what is false - including governments – is a house of cards that cannot stand.)
It is 30 years since we started this work. Activities that devastate the environment and societies continue unabated. Today we are faced with a challenge that calls for a shift in our thinking, so that humanity stops threatening its life-support system. We are called to assist the Earth to heal her wounds and in the process heal our own – indeed, to embrace the whole creation in all its diversity, beauty and wonder. This will happen if we see the need to revive our sense of belonging to a larger family of life, with which we have shared our evolutionary process. In the course of history, there comes a time when humanity is called to shift to a new level of consciousness, to reach a higher moral ground. A time when we have to shed our fear and give hope to each other. That time is now. - Wangari Matthai, Nobel Peace Prize Acceptance Speech
… the old Lakota was wise. He knew that man’s heart, away from nature, becomes hard; he knew that lack of respect for growing, living things soon led to lack of respect for humans too. So he kept his youth close to its softening influence. – Luther Standing Bear
My religion is kindness. – the Dalai Lama
Live as if you were to die tomorrow. Learn as if you were to live forever. - Mohandas K. Gandhi
Education is not the filling of a pail but the lighting of a fire. - William Butler Yeats
Things which matter most must never be at the mercy of things which matter least. - Goethe
… a lily or a rose never pretends, and its beauty is that it is what it is. – J. Krishnamurti
If you do not change direction, you may end up where you are heading. - Lao Tzu
It does not matter how slowly you go as long as you do not stop. – Confucius
I see little of more importance to the future of our country and our civilization than full recognition of the place of the artist. If art is to nourish the roots of our culture, society must set the artist free to follow his vision wherever it takes him ... the highest duty of the writer, the composer, the artist is to remain true to himself and to let the chips fall where they may. In serving his vision of the truth, the artist best serves his nation. And the nation which disdains the mission of art invites the fate of Robert Frost's hired man, the fate of having "nothing to look backward to with pride, and nothing to look forward to with hope". - President John F. Kennedy, Remarks at Amherst College, October 26, 1963
Where the spirit does not work with the hand, there is no art. - Leonardo da Vinci
If you hear a voice within you say "you cannot paint," then by all means paint, and that voice will be silenced. - Vincent Van Gogh
The future isn’t in the future – we’re creating it now!

Monday, 25 July 2011
Burma Insight: Daw Aung San Suu Kyi met with Aung kyi
Yangon, July 25 -- Following one hour and ten minutes long talks between leader of the democratic opposition Aung San Suu Kyi and Representative of Thein Sein government Union Minister for Labour Aung Kyi at the Green Bank State Guest House beside the Inya Lake in Yangon this afternoon, Minister Aung Kyi announced that this talks represented the first step towards matters of cooperation and those of carrying out future tasks.
This announcement, which has all the characteristics of the beginning of the breakthrough between democratic opposition and the new government, was emphatically made by Minister Aung Kyi to the awaiting newsmen, who had been awaiting within the compound of the State guest house since the start of the talks.
Speaking on her behalf to the newsmen, Aung San Suu Kyi said: “As for me, I always look forward to the interests of the country and the equality of the people. I do hope that this talks will benefit the country.”
Aung Kyi is not a stranger to Aung San Suu Kyi. While serving as Minister for Labour under SPDC government, Aung Kyi was concurrently assigned as Minister for Relations between the military junta and Aung San Suu Kyi.
In this capacity Aung Kyi had held talks with Aung San Suu Kyi for nine times during the time of the military junta. His last talks with Aung San Suu Kyi was late in 2009.
This afternoon after the talks, Minister Aung Kyi himself read out the official news statement on the talks with Aung San Suu Kyi as follows:-
“At the invitation of the Government of the Republic of the Union of Myanmar, Daw Aung San Suu Kyi has come to Green Bank State Guest House this afternoon and held official talks with Union Minister U Aung Kyi from 1 pm to 2:10 pm this afternoon.
“Both sides looked upon this meeting as positive one and as such both sides were satisfied with the results.
“Both sides discussed possible areas where they could cooperate for the good of the people.
“In discussing as such, matters concerning rule of law, eradication of misunderstanding and other matters for the good of the people were included.
“Both side agreed to meet again at an appropriate time.”
The above is the full-text of the news statement read out by Aung Kyi.

Aung San Suu Kyi met with U Aung Kyi
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေး ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်
by Kyaw Aye on Monday, 25 July 2011 at 13:38
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေး ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန် Monday, 25 July 2011 16:17
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်မှ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့် ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်းနှင့် သင့်လျော်သောရက်တွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန်ကိုလည်း သဘောတူခဲ့ကြကြောင်း တွေ့ဆုံဆွေးနွေးမှု အပြီး ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက် အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် တို့သည် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် မွန်းလွဲ ၁ နာရီ မှ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး ယင်းကဲ့သို့
တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မီဒီယာများနှင့် ဆက်လက် တွေ့ဆုံခဲ့သည်။
မီဒီယာများနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးမှုနှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဖတ်ကြားခဲ့သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ ''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက် အရ ဒေါ်အောင်ဆန်းစုကြည်သည် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၁၀ မိနစ် အထိ လာရောက် တွေ့ဆုံခဲ့ပါသည်။
ဤသို့ တွေ့ဆုံမှုအတွက် နှစ်ဖက်စလုံးက အပြုသဘော ရှုမြင်ကြပြီး ကျေနပ်အားရမှု ရှိခဲ့ကြပါသည်။ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို
ဆွေးနွေးခဲ့ကြပါသည်။
ထိုသို့ ဆွေးနွေးရာတွင် တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း အပါအ၀င် ဖြစ်ပါသည်။ သင့်လျော်သောရက်တွင် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန်ကိုလည်း သဘောတူခဲ့ကြပါသည်''ဟူ၍ ဖြစ်ပါသည်။
ထို့နောက် မီဒီယာများအား မေးခွန်းသုံးခု မေးမြန်းမှု ပြုခဲ့ရာတွင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသတင်းထောက် တစ်ဦး၏ မေးခွန်းအပေါ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ''tangible (result) မထွက်ဘူးလို့ ပြောလို့မရပါဘူး။ယခင် ကိုးကြိမ် ကျွန်တော်တို့ တွေ့ဆုံခဲ့ပြီးကြပါပြီ။ အခု တွေ့ဆုံမှုကတော့ အဲဒီရလဒ်များဖြင့် ပိုမိုကောင်းမွန်တဲ့ ရလဒ် ထွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်''ဟု ဖြေကြားခဲ့သည်။
ထို့ပြင် ''ကျွန်တော်တို့ ဒီတွေ့ဆုံမှုတွေကိုတော့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ သဘောတူထားပြီး ဖြစ်ပါတယ်။ ဒီဥစ္စာက ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေ၊ ရှေ့လျှောက် လုပ်သွားစရာရှိတဲ့ ကိစ္စတွေရဲ့ အများကြီးရဲ့ အစ ခြေလှမ်းတစ်ခုလို့ ပြောမယ် ဆိုရင်တော့ ပြောနိုင်ပါတယ်''ဟု မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသတင်းထောက် တစ်ဦး၏ မေးခွန်းအပေါ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြန်လည် ဖြေကြားခဲ့သည်။
ထို့နောက် ပြည်တွင်းမီဒီယာများ ကိုယ်စား မေးခွန်းတစ်ခု မေးမြန်းခွင့် ပြုခဲ့ရာတွင် ပြည်တွင်းသတင်းထောက် တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားပေးရန် တောင်းဆိုခဲ့ပြီး မေးမြန်းခဲ့ရာ အဆိုပါ မေးမြန်းမှုအပေါ်
ဒေါ်အောင်ဆန်းစုကြည်က ''တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် ရလဒ်တွေကို မျှော်လင့်ပါတယ်။ ဘာပဲလုပ်လုပ်၊ ဘာစကားပဲပြောပြော၊ ဘယ်သူနဲ့ပဲ တွေ့တွေ့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ တိုင်းပြည်၊
ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါ။ ဒါပဲ မျှော်လင့်ပါတယ်''ဟု ဖြေကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တွင် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။
၎င်းတို့ နှစ်ဦးကြား ယခု တွေ့ဆုံ ဆွေးနွေးမှုမှာ (၁၀)ကြိမ်မြောက် ဖြစ်ပြီး ယခင် အစိုးရ လက်ထက်တွင် အလုပ်သမားဝန်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ် ဆောင်ရွက်ရန် အတွက် ဆက်ဆံရေး ၀န်ကြီး အဖြစ် ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ခန့်အပ်ခံခဲ့ရသည်။
ယင်းကဲ့သို့ ဆက်ဆံရေးဝန်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် အတွင်း ကိုးကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံခဲ့မှုများ
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်
Eleven Media Group မှကူးယူဖေါ်ပြပါသည်။

Subscribe to:
Comments (Atom)